လမ်းမတော် နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က လမ်းမတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစံကျော်က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများမှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရေး၊ ရပ်ကွက်/ကျေးရွာအလိုက် မဲဆန္ဒရှင်စာရင်းများ(ဒုတိယအကြိမ်) ကပ်ထား ကြေညာရာတွင် ကျန်ရှိမှုမရှိစေရေး ရွေးကောက်ပွဲကာလ နီးကပ်လာပြီဖြစ်သဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များတွင် လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်ရေး၊ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်သဖြင့် ဌာနဆိုင်ရာရုံးအဆောက်အဦများနှင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန် စသည်ဖြင့်ပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ကျော်က မြို့နယ်အတွင်းလုံခြုံရေးနှင့် ရွေးကောက်ပွဲကာလ လုံခြုံရေးကိစ္စရပ်များအား အထူးဂရုပြုကြိုတင် ဆောင်ရွက်ရေး၊ ဒီဇင်ဘာလတွင် လူထုလမ်းလျှောက်ပွဲ ကျင်းပရမည့်ကိစ္စရပ်များ၊ ထူးခြားဖြစ်စဥ်များ တွေ့ရှိပါက မိမိတို့မြို့နယ်တာဝန်ရှိသူများထံသို့ အချိန်နှင့်တစ်ပြေးညီအသိပေးကြရန်တို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များအားဆွေးနွေး တင်ပြကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်၊မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)