မော်လမြိုင် နိုဝင်ဘာ ၂၅
မွန်ပြည်နယ် ၂ဝ၂၅ ခုနှစ်၊ “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု “အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ် ခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ် အတွင်း ရပ်ရွာများတွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းက ဖွင့်လှစ်ထားသည့် အမျိုးသမီးဂေဟာများတွင်အမျိုးသမီးများ၏လုံခြုံရေးအတွက် ယာယီနားခိုရာနေရာများ စီစဉ်ပေးခြင်း၊ တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကျောင်းစရိတ် ထောက်ပံ့ပေးခြင်း၊ စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်း၊ တရားဥပဒေအကူအညီနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် အခြားသောဝန်ဆောင်မှုများ ရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အတွင်း အမျိုးသမီးအဖွဲ့အစည်းများနှင့် ဆက်စပ်ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့ရဲ့ဆောင်ရွက်မှုတွေဟာ ထိရောက်သည့်ဆောင်ရွက်မှုဖြစ်စေရေး၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများရပ်တန့်ရန်အတွက် ထိရောက်တဲ့ပြစ်ဒဏ်ပေးခြင်း၊ အမျိုးသမီးများအတွက် ဥပဒေအကာအကွယ် ရယူနိုင်ရန် ဆောင်ရွက်ပေးခြင်းတို့ကို ဝိုင်းဝန်းလုပ်ဆောင်ပေးကြရန် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်အကြမ်းဖက်မှုပပျောက်ရေးမှတ်တမ်း Video ပြသခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးကော်မတီဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး ခန်းမအတွင်းပြသထားသည့် “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု” အထိမ်းအမှတ် ပြခန်းငယ်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြာင်း သိရှိရသည်။
မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၇/၂ဝ၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးအဖွဲ့ရုံးအောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများလာရောက်ခြင်းဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ဒေသသာယာလှပရေး၊ တည်းခိုနေထိုင်ရေးအတွက် အဆင့်မီစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း၊ ရှေးဟောင်းသမိုင်းဝင်အဆောက်အဦ များအား ပြန်လည်ပြုပြင်ထိန်းသိမ်းကာ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်ရေးနှင့် အဆောက်အဦများ၏ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သွားရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မော်လမြိုင်ဌာနခွဲ)တာဝန်ခံမှ ရှေးဟောင်းသမိုင်းဝင်အဆောက်အဦများအား ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရေး ဆောင်ရှိထားရှိမှုအားလည်းကောင်း ရှင်းလင်းတင်ပြ ခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသောကော်မတီဝင်များမှ ပြည်နယ်အတွင်း ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)