ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိ

မြင်းမူ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာနသည် သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ   ရေပြင်အသက်ကယ်ရှာဖွေခြင်း၊   မီးလောင်မှုများ ငြှိမ်းသတ်ခြင်း အပါအဝင် အထပ်မြင့်အဆောက်အဦများတွင် မီးလောင်မှုဖြစ်စဉ်များနှင့်   ငလျင်လှုပ်ခတ်ခြင်းကြောင့် ပိတ်မိနေသော ပြည်သူများ၏ အသက်ကို ကယ်ဆယ်ရာတွင် ခေတ်မီနည်းပညာသုံး ပစ္စည်းများကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အချိန်နှင့် နေရာမရွေးဖြစ်ပေါ်လာနိုင်သည့် မီးလောင်းခြင်း၊ ရေကြီးခြင်း၊ တောင်ပြိုခြင်းငလျင် လှုပ်ခတ်ခြင်း၊ စသည့်မျှော်မှန်းမရနိုင်သည့် ဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူတို့ ၏  အသက်အိုးအိမ် စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးမှု နည်းပါးစေရေးနှင့် ရှာဖွေကယ်ရေး လုပ်ငန်းများတွင် ခေတ်မီပစ္စည်းများ အသုံးပြုရသည့်အတွက် မီးသတ်ဝန်ထမ်းများ အနေဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရန်မှာ အရေးကြီးလာကြောင်း၊ ယင်းကြောင့် လေ့ကျင့်မှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန မှူး ဦးကျော်ကျော်ဦးထံမှ သိရှိရသည်။

ယနေ့လေ့ကျင့်ရာတွင် အထပ်မြင့် အဆောက်အဦးတွင် ငလျှင်ဒဏ်ကြောင့် ပိတ်မိနေ ပြည်သူ များ၏ အသက်ကို ရှာဖွေကယ်ဆယ်ခြင်း လေ့ကျင့်ဖြစ်ကာ မြေပြင်သိုချောမောစွာ ကယ်ထုတ်ခြင်းကို လေ့ကျင့်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)