ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်နယ် စပ်ကုန်စည်စီးဆင်းမှု ပုံမှန်အတိုင်းပြန်လည်ဆောင်ရွက်နိုင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     အောက်တိုဘာ  ၆

ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီ၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများတစ်ဆင့် မြန်မာ-တရုတ်ကုန်သွယ်မှုလုပ်ငန်း များကို လုပ်ထုံးလုပ်နည်းနှင့်အညီ လွယ်ကူမြန်ဆန်စွာ စနစ်တကျ ဆောင်ရွက်သွားနိုင်ရေး၊ နိုင်ငံတော်မှရသင့်ရထိုက်သော အခွန်အခများ အပြည့်အဝ ရရှိစေရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံးမလိခခန်းမ၌ ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ပြည်နယ်၏ စိုက်ပျိုးရေးထုတ်ကုန်များအတွက် နယ်စပ်ကုန်စည်စီးဆင်းမှုသည် အဓိကဖြစ်ပါကြောင်း၊ မြန်မာ-တရုတ်နယ်စပ်ကုန်စည် စီးဆင်းမှုများ ပြန်လည်စီးဆင်းနိုင်မှသာလျှင် စိုက်ပျိုးရေးထုတ်ကုန်များသာမက စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူများ အားလုံးကိုများစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နယ်စပ်ကုန်စည်စီးဆင်းမှုများ ပုံမှန်အတိုင်းပြန်လည်စီးဆင်း နိုင်‌ရေး၊ စနစ်တကျဖြင့် စီမံအုပ်ချုပ်မှုများဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။      

ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ကော်မတီအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားရသည့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပုံမှန်အတိုင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး သွားရန်ကိစ္စရပ်များနှင့် ပတ်သက်၍ ကြိုတင်စီမံထားရှိမှုအခြေအနေများအပေါ် အကြံပြုသုံးသပ်ဆွေးနွေးကြပြီးတက် ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်စပ်ကုန်သွယ်ရေးဂိတ်တာဝန်ခံများနှင့် နယ်စပ်ကုန်သွယ်‌ရေးလုပ်ငန်း များဆောင်ရွက်နေကြသည့် ပြည်နယ်ကုန်စည်ပို့ဆောင်ရေးအသင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင်နှစ်များ တွင်တွေ့ကြုံရသည့် အားနည်းချက်/အားသာချက်များ၊ ကုန်သွယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ တစ်ဖက်တရုတ် နိုင်ငံနှင့်ညှိနှိုင်းဆွေးနွေးခဲ့မှုအခြေအနေများ၊ ကုန်တင်/ ပို့ယာဉ်များ ဝင်/ထွက် သွားလာမှုအတွက် ကြပ်မတ်ဆောင်ရွက်သွားရမည့် ကိစ္စရပ်များ၊ ကုန်သွယ်မှုလုပ်ငန်းနှင့် အုပ်ချုပ်ကြီးကြပ်မှုလုပ်ငန်းကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်ပေးနိုင် ရေးစသည့်ကိစ္စရပ် များကိုဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိန်ချုံးခရိုင် တာဝန်ရှိ သူများနှင့် ညှိနှိုင်းဆွေးနွေးရေး တာဝန်ရှိသူများပါဝင်သည့် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းဆောင်ရွက်ပေးပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တစ်လျှောက်အတွင်း ပါဝင်ပတ်သက်သူ များအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပြီးစီးရေး၊ နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းများအတွက် မိမိနိုင်ငံမှထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ လေးစားလိုက်နာဆောင်ရွက်ကြရေးနှင့် ကုန်စည်စီး ဆင်းမှုလုပ်ငန်းများ အမြန်ဆုံးစတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကော်မတီအဖွဲ့ဝင်များအကြား ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။  

ပြည်နယ်ပြန်/ဆက်