လွိုင်လင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၈၀၉ ဦး ရှိပြီဖြစ်

လွိုင်လင်    အောက်တိုဘာ    ၆

ရှမ်းပြည်နယ်( တောင်ပိုင်း) လွိုင်လင်မြို့နယ်တွင် အောက်တိုဘာလ ၅ ရက်နေ့ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test kit ဖြင့် (၁၄၉)ဦး အား စစ်ဆေးရာ ၄၆ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း၊ အဆိုပါ ရောဂါပိုးတွေ့ရှိမှုတွင် လွိုင်လင်မြို့မှ (၄၂)ဦး၊ပင်လုံမြို့နယ်မှ (၄)ဦးဖြစ်ကြောင်းသိရသည်။

လွိုင်လင်မြို့နယ်တွင် ဇွန်လ ၂၀ရက်နေ့ မှ အောက်တိုဘာလ ၅ ရက် ညနေပိုင်းအထိ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း (၈၀၉ ) ဦးရှိပြီဖြစ်သည်။ ယင်းတို့အထဲမှ ဆေးရုံဆင်းခွင့်ရရှိသူ (၆၂၃ ) ဦး ၊သေဆုံးသူ(၂၀ ) ဦး ၊ ဆေးကုသဆဲလူနာ ( ၁၆၆)ဦး ကျန်ရှိနေကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ယင်းသို့ရောဂါပိုးတွေ့ရှိမှုများပြားလာခြင်းကြောင့် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေး ကော်မတီမှ ပိုးတွေ့ရှိသောလမ်းများအား ၂ ပတ်တိတိ Simi Lock Down စတင်ချထားမည်ဖြစ်ကြောင်းနှင့် Simi Lock Down ချထားစဉ်ကာလအတွင်း မည်သူမျှ ဝင်ထွက်သွားလာခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

၀င်းမင်းသန့်(လွိုင်လင်)