ချောက် အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ အသက်(၈၅)နှစ် အထက်သက်ကြီးဘိုးဘွားများအား နိုင်ငံတော် မှ လူမှုရေးပင်စင်များကို ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂ဝ-၂၀၂၁ ဘဏ္ဍာနှစ်၊ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့မှစတင်၍ အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် အဘိုးအဘွားတစ်ဦးလျှင် လူမှုရေးပင်စင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွား (၁၁၀၁) ဦးအတွက် စုစုပေါင်း ငွေကျပ် ၃၃၀၃၀၀၀၀ အား ချောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများ၊ စာရေးဝန်ထမ်းများက အဘိုးအဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)