နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေး သူများအား ရပ်ကွက်အလိုက် ကွင်းဆင်းထိုးနှံပေးလျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ဒေသခံပြည်သူများအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်မြင့် ဦးဆောင်ကာ ကျန်းမာရေး၊ စည်ပင်၊ လူမှုဝန်ထမ်း၊ မီးသတ်၊ ပြန်/ဆက်၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့မှ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှ ညနေ (၄) နာရီအချိန်အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။