မလှိုင်မြို့နယ်၌ အသက်(၁၂) နှစ်နှင့် အထက် ကျောင်းသား/သူ (၁၄၈၃ဝ) ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များထိုးနှံပေးမည်
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ နှင့် မြို့နယ်ပညာရေးဌာနမှ အထက်တန်း၊ အလယ်တန်း ကျောင်းအုပ်ကြီးများတွေ့ဆုံ၍ အသက်(၁၂) နှစ်နှင့် အထက် ကျောင်းသား/သူများကို ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယမန်နေ့က ကျင်းပခဲ့ကြောင်းသိရသည် ။