သီပေါမြို့နယ်တွင် အောက်ဆီဂျင်ထုတ်စက် (Oxygen Plant) စတင်လည်ပတ်လျက်ရှိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် လတ်တလော ကိုဗစ်-၁၉ရောဂါ လူနာများနှင့် အောက်ဆီဂျင် အသုံးပြုနေရသူများ အတွက် အောက်ဆီဂျင်လိုအပ်မှု အခက်အခဲမရှိ လွယ်ကူ အဆင်ပြေစွာရရှိ အသုံးပြုနိုင်ရန်အတွက် ပန်စောက်မိန်းကျေးရွာ၌ တည်ဆောက်တပ်ဆင်ထားရှိသော အောက်ဆီဂျင်ထုတ်စက် (Oxygen Plant) အား အောက်တိုဘာလ ၁ ရက်နေ့မှ စတင်လည်ပတ်မောင်းနှင် လျက်ရှိကြောင်း သိရသည်။