တကောင်းမြို့အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ လျှော့ပါးသက်သာလာစေရန် အသိပေး နှိုးဆော်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုများ လျှော့ပါးသက်သာစေရန်ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နေ့လယ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းကာ မြို့ပေါ်ရှိရပ်ကွက်များသို့ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့၌ ဆေးထိုးစုရပ် ငါးနေရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၌ အသက် ၅၅နှစ်နှင့် အထက်ပြည်သူများနှင့် ဦးတည်အုပ်စုများအလိုက် ပြည်သူ (၅၀၀၀) ဦးအား ပထမအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ် ငါးနေရာတွင် အောက်တိုဘာ ၇ ရက်နေ့ နံနက် ၉ နာရီက စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုင်းခုတ်မြို့၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို အသက်(၁၈)နှစ် အထက်ရှိ ပြည်သူများအား အောက်တိုဘာ ၇ ရက်နေ့က မြို့တိုက်နယ်ဆေးရုံ၌ စုရပ်ထားရှိပြီး ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် အတွက် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့ညနေ ၃ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီဌာနမှ ဝန်ထမ်းများနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု တားဆီးကာကွယ်ရေး အသိပေးနှိုးဆော်

ရှမ်းပြည်နယ် ညောင်ရွှေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို အများပြည်သူ သိရှိနိုင်စေရန်အတွက် လက်ကိုင်အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြသည်။

ကန်ကြီးထောင့်မြို့၌ ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ဧရာဝတီတိုင်း‌ဒေသကြီး၊ ကန်ကြီးထောင့်မြို့၌ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန် ဦးတည်အုပ်စုများတွင် ပါဝင်သော ဦးစားပေးအဆင့်အလိုက် ဆေးထိုးရန်ကျန်ရှိသူများအား အခြေခံပညာအထက်တန်းကျောင်း(မြို့မ) အားကစားခန်းမတွင် ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိ‌သည်။

ကျောက်တလုံးကြီးမြို့၊ ကက္ကူကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၅၅) နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးမထိုးနှံရသေးသည့် အသက် (၅၅) နှစ်နှင့်အထက် ပြည်သူများအား ယနေ့နံနက် ၉ နာရီမှစတင်၍ ကက္ကူကျေးရွာ၊ လှိုင်ကွန်းစာသောက်ဆိုင်၌ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။

ဓနုဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှထိုးနှံခြင်း မပြုရသေးသော ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ ထိုးနှံခြင်းမပြုရသေးသော အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီ အချိန်မှစ၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက် ရှိသည်။

စုကလိမြို့တွင် ပူးပေါင်းကာကွယ်ပေး မသန်စွမ်းသူအခွင့်အရေး အသိပညာပေး နံရံကပ်စာစောင် ပြသ

မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အချက်အလက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပူးပေါင်းကာကွယ်ပေး မသန်စွမ်းသူအခွင့်အရေး အသိပညာပေးနံရံကပ်စာစောင်အား ပြသဆောင်ရွက်သည်။
Subscribe to