ကန်ကြီးထောင့် အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၌ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန် ဦးတည်အုပ်စုများတွင် ပါဝင်သော ဦးစားပေးအဆင့်အလိုက် ဆေးထိုးရန်ကျန်ရှိသူများအား အခြေခံပညာအထက်တန်းကျောင်း(မြို့မ) အားကစားခန်းမတွင် ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ကာကာကွယ်ဆေးများအား ဦးစားပေးအဆင့်များတွင် ပါဝင်သော အသက်၅၅နှစ်အထက်ရှိသူများ၊ နာတာရှည်ရောဂါနှင့် မကူးစက်နိုင်သောရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ ဝန်ထမ်းများ၊ ဈေးသည်များအား ထိုးနှံပေးလျက်ရှိပြီး ဆေးမထိုးနှံမီ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းတို့ ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိ မှသာကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။အဆိုပါဆေးထိုးခြင်းလုပ်ငန်းများကိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မိုဘိုင်းစနစ်ဖြင့် အဖွဲ့၈ဖွဲ့ခွဲ၍ သတ်မှတ်စုရပ်များအလိုက် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လှမင်းထွဋ်