စုကလိ အောက်တိုဘာ ၇
မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အချက်အလက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပူးပေါင်းကာကွယ်ပေး မသန်စွမ်းသူအခွင့်အရေး အသိပညာပေးနံရံကပ်စာစောင်အား ပြသဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် မသန်စွမ်းသူ အမျိုးအစားများ၊ မသန်စွမ်းသူများ၏ အခွင့်အရေး ရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အလမ်းများ၊ မသန်စွမ်းသူများအခွင့်အရေး ဥပဒေများ၊ မသန်စွမ်းသူများအပေါ် ပြုမူပြောဆိုဆက်ဆံသင့်သည့် အချက်များနှင့် ကိုယ်အင်္ဂါ မသန်စွမ်းသူများ၊ အမြင်အာရုံမသန်စွမ်းသူများ၊ အကြားအာရုံ မသန်စွမ်းသူများ၊ ဉာဏ်ရည် မသန်စွမ်းသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နည်းလမ်းများအား ထည့်သွင်းပြသထားသည်။
ထိုသို့ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြုလုပ်ငန်း တစ်ရပ်အဖြစ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဇော်နိုင်လင်း