ကျောက်တလုံးကြီး အောက်တိုဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးမထိုးနှံရသေးသည့် အသက် (၅၅) နှစ်နှင့်အထက် ပြည်သူများအား ယနေ့နံနက် ၉ နာရီမှစတင်၍ ကက္ကူကျေးရွာ၊ လှိုင်ကွန်းစာသောက်ဆိုင်၌ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့၊ တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းနှင့် ဟမ်းဆီးကျေးလက် ကျန်းမာရေးဌာနမှ ကျန်းမာဝန်ထမ်းများတို့က ကက္ကူကျေးရွာအုပ်စု၊ ပင်တွန်ကျေးရွာ အုပ်စု၊ နောင်ခဲကျေးရွာအုပ်စု၊ ကျောက်တလုံးမြို့ပေါ် (၆) ရပ်ကွက်မှ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၅၅) နှစ်နှင့်အထက် ပြည်သူမျာနှင့် အကျန်ဦးတည်အုပ်စု ပြည်သူများကို (Sinopharm) ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေး ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းတွင် ကျောက်တလုံးကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းနှင့် ဝန်ထမ်းများ၊ ကျောက်တလုံးကြီးမြို့ ကျန်းမာရေးဌာမှ ဒေသခံကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က ပူးပေါင်း ဆောင်ရွက်ကြ ကြောင်း သိရသည်။
မြဝင်း(ကျောက်တလုံးကြီး)