ဓနုဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှထိုးနှံခြင်း မပြုရသေးသော ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်း

ဓနုဖြူ အောက်တိုဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ ထိုးနှံခြင်းမပြုရသေးသော အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီ အချိန်မှစ၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက် ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဓနုဖြူမြို့နယ်အတွင်းရှိ ပြည်သူများအား မြို့မတိုက်နယ်၊ အကျော်တိုက်နယ်၊ ကျုံတနီးတိုက်နယ်၊ သပြုတိုက်နယ်၊ ကျောင်းစုတိုက်နယ်၊ စံကင်းတိုက်နယ်နှင့် ဆကာကြီးတိုက်နယ် စုစုပေါင်းတိုက်နယ်(၇)ခုခွဲ၍ (၇.၁၀.၂၀၂၁)ရက် နေ့နှင့် (၈.၁၀.၂၀၂၁)ရက်နေ့၊ စုစုပေါင်း(၂)ရက် ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် ယနေ့ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၈၀၀)ဦးရှိကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများမှ အသက်(၁၈)နှစ်ပြည့်ပြီးသည့် ကာကွယ်ဆေး လာရောက်ထိုးနှံသူများအားထိုးနှံပေးလျက်ရှိပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)