ကျိုက်ဒုံ အောက်တိုဘာ ၁၈
လတ်တလောအသက်ရှူလမ်းကြောင်းဆိုက်ရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လျော့နည်း ပပျောက် သွားစေရေးအတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဖြစ်သည့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ဟောင်သရောခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက အသက်(၁၂)နှစ်နှင့်အထက်ပြည့်ပြီး ကျောင်းနေအရွယ်ကလေးများဖြစ်သည့် အခြေခံပညာကျောင်းများမှ အလယ်တန်း အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ရာတွင် (အ.ထ.က)ကျိုက်ဒုံ၊(အ.ထ.က)ခွဲ အဇင်းကျေးရွာ၊ (အ.လ.က) မိတန်ကျေးရွာ၊ (အ.ထ.က)ခွဲ နောင်တမံကျေးရွာ၊ (အ.လ.က) မိနန်းအပ်ကျေးရွာမှအလယ်တန်း၊ အထက်တန်း အဆင့်ကျောင်းသားကျောင်းသူများအား မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့်ဌာနဆိုင်ရာများ၊ တိုက်နယ်ဆရာဝန် ဒေါက်တာမန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ နယ်မြေစခန်းမှူးနှင့်ရဲတပ်ဖွဲ့များ၊ မီးသတ်အဖွဲ့များ၊ လူမှုဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအသင်းအဖွဲ့များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ ကျောင်းသား ကျောင်းသူ မိဘအုပ်ထိန်းသူများမှ ပူးပေါင်းပါဝင်၍ ကာကွယ်ဆေး များကို စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)