လိပ်သို အောက်တိုဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် လျော့နည်းပပျောက်သွားစေရေး အတွက် ကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းများဖြစ်သည့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိရာ အသက် (၁၂)နှစ်အထက် အခြေခံပညာကျောင်းများမှ အလယ်တန်း ၊ အထက် တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား အောက်တိုဘာလ ၁၇ ရက်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က လိပ်သိုမြို့ အ.ထ.က ကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကိုဗစ် ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေး၀န်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား ကာကွယ် ဆေးထိုးနှံခြင်း မပြုမီ လက်သန့်ဆေးရည်ဖြင့် လက်သန့်စင် စေခြင်း ၊ ကိုယ်အပူချိန် တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးပါက မိနစ် (၃၀) ကြာ စောင့်ကြပ် ကြည့်ရှုခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိ ရသည်။
အဆိုပါ ကိုဗစ် ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့ကိုဗစ်ကာကွယ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ် ရေးမှူး ဦးစောမြတ်ကျော်၏ အနီးကပ်ကြီးကြပ်မှုဖြင့် လိပ်သိုမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊မီးသတ်ဦးစီး ဌာနမှ၀န်ထမ်း များနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများ ၊ ပညာရေးဌာနမှ တာ၀န်ရှိသူများ၊ ဆရာ/ ဆရာမများ ၊ ကျောင်းသား/သူ မိဘအုပ်ထိန်းသူများမှ ပူးပေါင်းပါ၀င်၍ ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နွယ်နွယ်ခိုင်