လက်ပံတန်းမြို့နယ်တွင် အခြေခံပညာ အထက်တန်း/အလယ်တန်း ကျောင်းသား/သူ (၄၆၈၇)ဦးအား ကိုဗစ်ရောဂါ ကာကွယ်ဆေး (Sinovac ) ပထမအကြိမ် စတင်ထိုးနှံပေး

လက်ပံတန်း အောက်တိုဘာ ၁၈

"ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြစို့" ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော် အစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac ကိုပထမအကြိမ် နိုင်ငံတစ်ဝှမ်း ထိုးနှံပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ရှိ ကျောင်းသား/သူ (၄၆၈၇)ဦးအား ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းမှ စတင်ကာ   ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။ 

ထိုသို့ အသက် ၁၂နှစ်နှင့်အထက် အခြေခံပညာ၊ အလယ်တန်း၊ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်−ရောဂါ ကာကွယ် ဆေးထိုးနှံ စုရပ်များ၌  ဆေးမထိုးခင် မိဘအုပ်ထိန်းသူတွေကို ဆေးထိုးပေးတာနှင့် ပတ်သက်ပြီး အသိပေး၍ သဘောတူ လက်မှတ်ရေးထိုးစေခြင်း၊ ကိုယ်အပူချိန်များ တိုင်းတာခြင်း သွေးခုန်နှုန်း တိုင်းတာခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြသည်။

အသက် ၁၂နှစ်နှင့်အထက် အခြေခံပညာ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်−ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုကို သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးလူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကျောင်းသား ကျောင်းသူများနှင့် အုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြား၍ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

လက်ပံတန်းမြို့နယ်တွင်  ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အ.ထ.ကကျောင်း(၁၂) ကျောင်း၊ အ.ထ.က−ခွဲ(၈)ကျောင်း အ.လ.က(၁၀)ကျောင်း အ.လ.က−ခွဲ(၄)ကျောင်း၊ မူလွန် (၁၂) ကျောင်း၊ စုစုပေါင်း (၄၆) ကျောင်းရှိ အသက် ၁၂နှစ်နှင့်အထက် အခြေခံပညာ၊ အလယ်တန်း အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ (၄၆၈၇)ဦးအား ဆေးထိုးစုရပ် (၁၀)ခုဖြင့် ကိုဗစ်−ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

ဝင့်နန္ဒာဌေး