တန့်ဆည် အောက်တိုဘာ ၁၅
၂၀၂၁-ခုနှစ် မိုးစပါးစိုက်ရာသီအတွင်း မိုးရွာသွန်းမူကြောင့် မိုးစပါးရေကြီးနစ်မြုပ်ထိခိုက်ဧကများသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန က ပုလဲဓါတ်မြေသြဇာထောက်ပံ့ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအုန်းကျော်မြင့် က မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ မိုးစပါးစိုက်ဧက ၄၂၅၇၅ ဧက စိုက်ပျိုးနိုင်သော်လည်း မိုးရွာသွန်းမူကြောင့် ၁၁၀ ဧကထိခိုက်ပျက်စီးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ထိခိုက်ပျက်စီးတစ်ဧကလျှင် ၀•၁၂ အိတ်ထောက်ပံ့ပေးခြင်းဖြစ်ပြီး နဘက်ငယ်ကျေးရွာမှ တောင်သူ ၃၂ ဦးဧက (၆၀) နှင့် ကျွန်းလည်ကျေးရွာမှ တောင်သူ ၄၂ ဦး ဧက (၅၀)၊ စုစုပေါင်းဧက ၁၁၀ အတွက် ပုလဲဓါတ်မြေသြဇာ ၁၃•၂၀ အိတ်ကို ပေးအပ်ရခြင်းဖြစ်ကြာင်း ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ပုလဲဓါတ်မြေသြဇာများကို တောင်သူများသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ညိုထွန်း(တန့်ဆည်)