ကျောက်တန်းမြို့နယ်တွင် ပြည်သူများ မဲစာရင်းမကျန်ရှိစေရေး( Door to Door) တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခြင်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့် ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးတို့အတွက် ရပ်ကွက်၊ ကျေးရွာများအတွင်းအပိုင်းလိုက် သက်ဆိုင်ရာတာ၀န်ရှိသူများက ဆက်လက်ပြီး တစ်အိမ်တက်ဆင်းလိုက်လံကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။