မိုးညှင်း ဒီဇင်ဘာ ၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညောင်ကိုင်းကျေးရွာအုပ်စု သာယာကုန်းခေတ်မီစံပြကျေးရွာ၌ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း (RBF) ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို နိုဝင်ဘာလ ၂၉ ရက်နေ့နံနက် (၁၀) နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးကြရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့်တာဝန်ရှိသူများ၊ ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်အတူ အသက်မွေးဝမ်းကျောင်းအဖွဲ့လေးဖွဲ့မှ စိုက်ပျိုးရေးလုပ်ငန်းအဖွဲ့များ၏ မိုးပဲးပုတ်စိုက်ခင်းနှင့် စပါးစိုက်ခင်းရိတ်သိမ်းနေမှု အခြေအနေများကိုလည်းကောင်း၊ မွေးမြူရေးလုပ်ငန်းအဖွဲ့များ၏ အသားစား (CP) ဝက်မွေးမြူထားရှိမှုအခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးကြပြီးနောက် ကျေးရွာစာကြည့်တိုက်၌ မြို့နယ်ဦးစီးမှူးက ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံရာတွင် စီမံကိန်းလက်စွဲစာစောင်ပါညွှန်ကြားချက်များနှင့်အညီ ချေးငွေများရယူထားသည့် လုပ်ငန်းများအား အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ စီမံကိန်းရန်ပုံငွေများ အလွဲသုံးစားမှုမရှိစေရေးနှင့်လေလွင့်ဆုံးရှုံးမှုမရှိစေရေးတို့အတွက် အထူးအလေးထားဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
သာယာကုန်းခေတ်မီစံပြကျေးရွာ၌ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံ ငွေ (RBF) ဖြင့် အသက်မွေးဝမ်းကျောင်းအဖွဲ့လေးဖွဲ့ဖြစ်သည့် စိမ်းလန်းသာယာ စိုက်ပျိုးရေးလုပ်ငန်းအဖွဲ့၊ စည်းလုံးသာယာစိုက်ပျိုးရေးလုပ်ငန်းအဖွဲ့၊ ဖွံ့ဖြိုးသာယာမွေးမြူရေး လုပ်ငန်းအဖွဲ့နှင့် မြင့်မြတ်သာယာမွေးမြူရေးလုပ်ငန်းအဖွဲ့စသည့် အဖွဲ့လေးဖွဲ့မှတစ်ဖွဲ့စီကို ငွေကျပ် (၇,၉၅၀,၀၀၀) နှုန်းဖြင့် စီမံကိန်းရန်ပုံငွေ စုစုပေါင်း ငွေကျပ် (၃၁၈) သိန်းကို ထုတ်ချေးထားရှိကြောင်း သိရသည်။
ရွှေမိုးညှင်း