ရန်ကုန် ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မလမ်း၊ လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၊ ဓမ္မရက္ခိတဓမ္မာရုံတွင် အခြေခံမီးသတ်သင်တန်းအမှတ်စဥ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ (၂၈) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် အင်းစိန်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းဇော်က သင်တန်းဆင်းအမှာစကားပြောကြားခဲပြီး ဆုရသင်တန်းသားများကို အင်းစိန်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းဇော်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ အင်းစိန်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းဇော်နှင့် အဖွဲ့ဝင်များ၊ အင်းစိန်ခရိုင်အတွင်းရှိ မြို့နယ်စီခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်လတ်နှင့် ဝန်ထမ်းများ၊ ဂေါပကအဖွဲ့အဝင်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)