ကျောက်တန်းမြို့နယ်တွင် ပြည်သူများ မဲစာရင်းမကျန်ရှိစေရေး( Door to Door) တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခြင်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

ကျောက်တန်း ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့် ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးနှင့် ဆန္ဒမဲ‌ပေးပိုင်ခွင့်မဆုံးရှုံး‌စေရေးတို့အတွက် ရပ်ကွက်၊ ကျေးရွာများအတွင်းအပိုင်းလိုက် သက်ဆိုင်ရာတာ၀န်ရှိသူများက ဆက်လက်ပြီး တစ်အိမ်တက်ဆင်းလိုက်လံကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောက်တန်းမြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကော်မတီအဖွဲ့များနှင့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များ ပူးပေါင်း၍ ပထမအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်းနှင့် ဒုတိယအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်းများတွင် လိုအပ်ချက်များရှိနေသဖြင့် ပါဝင်သင့်ပါဝင်ထိုက်သူများ ပါရှိရေး၊ မပါဝင်သင့်သူများ မပါရှိစေရေးနှင့် မဲစာရင်းများ မှန်ကန်စေရေးအတွက် ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည့်သူအင်အားဦးစီးဌာန ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ ပူးပေါင်း၍ (door to door) မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းအား ဌာနဆိုင်ရာများ၊ သက်ဆိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များပါဝင်သော အဖွဲ့(၇)ဖွဲ့ဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု(၇)အုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြရာ အိမ်ခြေ(၄၉၆၆)၊ အိမ်ထောင်စု(၅၂၀၄)၊ လူဦးရေ (၁၅၆၉၇)အား စစ်ဆေးအတည်ပြုဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

နေလင်းကျော် (ပြန်/ဆက်)