ယင်းမာပင်မြို့၌ ကျောင်းပေါင်းစုံ ကျောင်းတွင်း အားကစားပြိုင်ပွဲများကျင်းပ

ယင်းမာပင်မြို့တွင် ကျောင်းပေါင်းစုံကျောင်းတွင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၂)ရက်နေ့ နံနက် ၉ နာရီအချိန်က ယင်းမာပင်မြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သီချင်းနှင့် မြန်မာ့ကျောင်းသား သီချင်းများသီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ် စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက (အ.မ.က) မြိုင်သာယာ ကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။

ယုဇနလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းနှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

ကရင်ပြည်နယ် ဘားအံမြို့နယ် ထုံးအိုင်စံပြကျေးရွာ ယုဇနလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီက ထုံးအိုင်စံပြကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

ကရသူရိမြို့၌ ပြည်သူများ မဲစာရင်း မကျန်ရှိစေ​ရေး တာဝန်ရှိသူများကွင်းဆင်း​ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ကရသူရိမြို့၌ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာပေးလျက်ရှိရာ မိမိအမည်မဲစာရင်းတွင် ပါ၊မပါ သိရှိနိုင်ရန်အတွက် ဒီဇင်ဘာ ၁ ရက်နံနက်ပိုင်းမှစ၍မြို့ပေါ်ရပ်ကွက်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင်စာရင်း ကောက်ယူရေးအဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက်ကွင်းဆင်းဆောင်ရွက်ကြသည်။

ကော့သောင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)  စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူများမြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)သရုပ်ပြရှင်းလင်းခြင်းနှင့် စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ ညောင်ဝိမော်ကင်းကျေးရွာ၊ မကြုံကလက်ကျေးရွာ၊ ဂျလန်းကျွန်းနှင့်အရှေ့တိုင်းပုလဲကုမ္ပဏီလီမိတက်တို့တွင် ပြုလုပ်ခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်မြို့၌ ငရုပ်သီးစိမ်းများ ရှားပါး၍ ဈေးကောင်းရရှိ

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊   ပြည်ကြီးမဏ္ဍိုင်မြို့၊  ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်   အတွင်းရှိ ဒေသခံများအနေဖြင့် မြေအောက်ရေကို စနစ်တကျအသုံးပြု၍ နှစ်ရှည်သီးနှံပင်များအပြင် နှစ်တိုပင်များဖြစ်သည့် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို နွေ၊ မိုး၊ ဆောင်းရာသီမရွေး စိုက်ပျိုးလုပ်ကိုင်ကြရာ မိသားစုစားနပ်ရိက္ခာ ဖူလုံမှုရှိသည့်အပြင် အပိုဝင်ငွေရရှိကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး မဲစာရင်းများမှန်ကန်စေရေး ကွင်းဆင်းစစ်ဆေးနေမှုကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့်အဖွဲ့သည် ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ စဉ့်ကိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ ပလိပ်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၈နာရီက စဉ့်ကိုင် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း၍ မဲစာရင်းများမှန်ကန်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to