ပင်လုံ​မြို့၌ ဘရူနိုင်းနိုင်ငံတွင် ကျင်းပမည့် (၁၄) ကြိမ်​မြောက်School Game ပြိုင်ပွဲ၌ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်မှ တစ်ဦးတည်းသော ဘတ်စကက်ဘောမြန်မာ့လက်ရွေးစင်ကစားသမားအဖြစ် ​ရွေးချယ်ခြင်းခံရသော  ​ကျောင်းသားလေးအား ကြိုဆိုဂုဏ်ပြု

 

ပင်လုံ ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊   လွိုင်လင်ခရိုင်ပင်လုံမြို့၌  ဘရူနိုင်းနိုင်ငံတွင်ကျင်းပမည့် (၁၄) ကြိမ်​မြောက် School Game ပြိုင်ပွဲ၌ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်မှ တစ်ဦးတည်းသော ဘတ်စကက်ဘောမြန်မာ့လက်ရွေးစင်ကစားသမားအဖြစ် ​ရွေးချယ်ခြင်းခံရသော ​အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားနေသော (Grade- 10) ကျောင်းသား မောင်ပြည့်ဖြိုးကျော်အား ယနေ့နေ့လယ် ၁ နာရီက ပင်လုံမြို့ မြို့အဝင်ထိသွားရောက်ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

​မောင်ပြည့်ဖြိုးကျော်အား ကျောင်းအုပ်ဆရာမကြီးက ဂုဏ်ပြုပန်းစည်းဖြင့် ကြိုဆိုဂုဏ်ပြုပြီး ကျောင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများက ဂုဏ်ပြုပန်းစည်းများ၊ ဂုဏ်ပြုပန်းကုံးများဖြင့်လည်းကောင်း၊ ကျောင်းသား/သူများက ဂုဏ်ပြုပန်းများဖြင့် ကြိုဆိုခဲ့ကြသည်။

အဆိုပါကြိုဆိုဂုဏ်ပြုပွဲအား ပင်လုံမြို့ မြို့အဝင်မှ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝင်းကတစ်ဆင့် ပင်လုံမြို့ မြို့အဝင်အထိ ဆရာ/ဆရာမများကျောင်းသား/သူများက ကားလမ်းဝဲ/ယာများတွင် စီတန်း၍ စည်ကားသိုက်မြိုက်စွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (​​ပြန်/ဆက်)