ဇလွန်မြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မဲစာရင်းတွင်ပါဝင်နိုင်ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်

ဇလွန် ဒီဇင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအလိုက်တွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မဲစာရင်းတွင် ပါဝင်နိုင်ရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ဇလွန်မြို့ နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအလိုက် နေထိုင်သည့် ပြည်သူများအား အိမ်ထောင်စုစာရင်းများဖြင့် အသက်(၁၈)ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့်မဲဆန္ဒရှင်များ မဲစာရင်းတွင်ပါဝင်မှုရှိ / မရှိ တိုက်ဆိုင်စစ်ဆေးခြင်း၊ မဲပေးပိုင်ခွင့်ရှိပြီး ပါဝင်မှုမရှိသူများအား ပုံစံ(၃)ဖြင့် လျောက်ထားဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျှက် ရှိရာ အဆိုပါမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မဲစာရင်းတွင် ပါဝင်နိုင်ရေး ရပ်ကွက်၊ ကျေးရွာအလိုက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ (၄)ရက်နေ့အထိ ဆက်လက်ဆောက်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)