ဇလွန်မြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်”  အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဇလွန် ဒီဇင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းနှင့်ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီတွင် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်း စာစောင်များကို လူစည်ကားရာနေရာများ၌ ဖြန့်ဝေခဲ့ကြသည်။

ထိုသို့ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းနှင့် ဝန်ထမ်းများက ပြည်သူများရွှေးကောက်ပွဲနှင့်ပတ်သက်၍ ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ပြည်သူ့လက်ဝယ်အရောက်ဖြန့်ဝေခဲ့ကြပြီး အဆိုပါလက်ကမ်းစာ စောင်တွင်ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့်ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ စသည့် ဆောင်ပုဒ်များပါဝင်ကြောင်းသိရသည်။

ဝေယံ - ဇလွန် (ပြန်/ဆက်)