ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ချည်မျှင်ရှည်ဝါသီးနှံ ဧက ၆၁၀ အထိ သိမ်းဆည်းပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ချည်မျှင်ရှည်ဝါသီးနှံ ဧက ၆၁၀ အထိ ခူးဆွတ်သိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပခုက္ကူမြို့၌ ကျား/မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ကျား/မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲကို ယနေ့နံနက် ၁၀နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ (၂) ခန်းမ၌ ကျင်းပပြုလုပ်သည်။

မချမ်းဘောမြို့ကျောက်နဂါးအောင်တော်မူအေးစေတီတော်မြတ်ကြီးတွင်အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲ အောင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊မချမ်းဘောမြို့ကျောက်နဂါးကုန်းတော်ပေါ်ရှိ အောင်တော်မူအေးစေတီတော်မြတ်ကြီး၌ စတုတ္ထအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းသိမ်းအောင်ပွဲ နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲကို ယနေ့နံနက် ၁၀ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ 

သံဖြူဇရပ်၌ မဲဆန္ဒရှင်အမည်စာရင်းမြေပြင်အမှန် ပြည့်စုံမှန်ကန်‌စေ‌ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူ

၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာပြည်သူများ လာရောက်ကြည့်ရှုမှုအပြင် မိမိမဲစာရင်းပါမပါအား သိရှိနိုင်ရန်အတွက်  ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်ရပ်ကွက်ကျေးရွာ တစ်အိမ်တက်ဆင်း  ကွင်းဆင်းကောက်ယူရေး  ကြီးကြပ်မှု‌ကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

မိုင်းပျဉ်းအထကကျောင်း၌ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံ၍ စကားပြောစွမ်းရည် မြှင့်မားလာစေရန်ရည်ရွယ်၍ ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့သည်။

ချောင်းဆုံမြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်းမြေပြင်အမှန် ပြည့်စုံမှန်ကန်‌စေ‌ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူနေမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

ချောင်းဆုံမြို့နယ်၌၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည် စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုမှုအပြင် မိမိမဲစာရင်းပါမပါအား သိရှိနိုင်ရန်အတွက် ယနေ့တွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှု‌ကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

တပ်ကုန်းမြို့နယ်၌ မဲရုံများ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် အောင်ဆန်းခန်းမ၌ ဖွင့်လှစ်သင်ကြားသည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင် သင်တန်းတွင် မဲရုံများ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ​ခြင်းကို နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ အသိပညာပေးဟောပြောခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် အမှတ် (၃၂) အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော

မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ် (၃၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။   

လှိုင်မြို့နယ်တွင် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်သင်တန်းကို အမှတ် (၁၁) ရပ်ကွက်၊ လှိုင်မြို့နယ်၊ Wella internation School ခန်းမ၌ ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် တပ်ဆင်အသုံးပြုခြင်းဆိုင်ရာသင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM-INSTALLATION) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းအား ယမန်နေ့နံနက် (၉) နာရီက မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Subscribe to