မြစ်သားမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ အသက် ၉ နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော အမျိုးသမီးငယ်များအား ပြည်သူ့လူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၃ ရက် နံနက် ၁၀ နာရီက မြစ်သားပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။