ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အောင်ဗောဓိစေတီတော်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော အောင်ဗောဓိဆုတောင်းပြည့်စေတီတော်ကြီးတွင် နှစ်စဉ်လောင်းလှူမြဲဖြစ်သော ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက အဆိုပါစေတီတော်ရင်ပြင်၌ ကျင်းပခဲ့သည်။