လဲချား ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ ဟိုရင်(မူလွန်)ကျောင်းတွင် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးက ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေစေရန်အတွက် ရည်ရွယ်၍ အခြေခံပညာကျောင်းများကို အလှည့်ကျစနစ်ဖြင့် ယခုကဲ့သို့ ပြပွဲများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ မူးယစ်အန္တရာယ် အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရှိရသည်။
လဲချား (မြို့နယ်၊ ပြန်/ဆက်)