မြစ်သားမြို့နယ်တွင် ဒေသခံပြည်သူများအား စာအုန်းဆီ တစ်ပိဿာလျှင် (၈၄၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေး

မြစ်သား ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံ ဆီကုန်သည်ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံပြည်သူများအား စာအုန်းဆီတစ်ပိဿာလျှင် (၈၄၀၀) ကျပ်နှုန်း ဖြင့်ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ရှမ်းပွဲရပ်ကွက်အတွင်းရှိ ဒေါ်ဇာဇာ ကုန်စုံဆိုင်ရှေ့၌ ယနေ့နံနက် (၈) နာရီအချိန်က ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးရာသို့ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ မြစ်သားမြို့ရှမ်းပွဲရပ်ကွက်ရှိ ဒေါ်ဇာဇာ ကုန်စုံဆိုင်ရှေ့တွင် ဒေသခံပြည်သူများအားတစ်ဦးလျှင် ဆီတစ်ပိဿာ (၈၄၀၀)ကျပ်နှုန်းဖြင့် တစ်ရက်ဆီပိဿာ ပေါင်း(၂၈၇)ပိဿာအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေကြောင်း စာသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)