ချောက် ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ အမျိုးသမီးမိတ်ကပ်အလှပြင်သင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းဆရာမ ဒေါ်ခင်သစ္စာအောင်(ရွှေရည်လင်းအလှပြင်ဆိုင်)က သင်တန်းတွင် သင်ကြားပေးမည့် အလှပြင်နည်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အခြေခံမိတ်ကပ်လိမ်းနည်းမှစ၍ သင်ကြားပေးခဲ့သည်။
အဆိုပါ အမျိုးသမီးအလှပြင်သင်တန်းတွင် ဆရာမ ဒေါ်ခင်သစ္စာအောင်(ရွှေရည်လင်းအလှပြင်ဆိုင်)က စေတနာဖြင့် အခမဲ့ လာရောက်သင်ကြားပေးခြင်းဖြစ်ပြီးသင်တန်းတွင် မိတ်ကပ်အခြေခံလိမ်းနည်း၊ မျက်ခုံးမွှေးဆွဲနည်း၊ ပွဲနေပွဲထိုင်၊ ထသွား၊ ထလာ မိတ်ကပ်ပြင်နည်းများကို လက်တွေ့သင်ကြားပေးခဲ့ပြီး သင်တန်းအား ဒီဇင်ဘာ ၁၅ ရက်နေ့မှ ဒီဇင်ဘာ ၁၆ ရက်နေ့အထိ နေ့စဥ် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် သင်တန်းသူ (၁၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ကျော်မိုး (ပြန်/ဆက်)