ချမ်းအေးသာစံမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းမြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ အင်တိုက်အားတိုက် ဆောင်ရွက်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ နိုဝင်ဘာလ ၂၇ ရက်နေ့မှ စတင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။