မိုင်းယန်း ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျေးရွာဒေသခံတိုင်းရင်းသားပြည်သူများအား မီးခိုးမြူလျှော့ချရေးဆိုင်ရာ အသိပညာပေးကွင်းဆင်းဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ ပန်ဆောင်ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းယန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဉပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သစ်တောဦးစီးအရာရှိက ကျေးရွာနေပြည်သူများအား မီးခိုးမြူဖြစ်ပေါ်ရခြင်း အဓိကအကြောင်းအရင်းများနှင့် မီးခိုးမြူလျှော့ချရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းဟောပြောသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးစီးဌာန ဦးစီးမှူးမှ တောင်ယာမီးရှို့ခြင်းအစား သဘာဝဓာတ်မြေဩဇာ ပြုလုပ်အသုံးပြုခြင်းဖြင့် မီးခိုးမြူလျှော့ချနိုင်သည့် အကြောင်းအရာများဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဒေသခံပြည်သူများအနေဖြင့် သတင်းအမှား၊ အမှန်ခွဲခြားနိုင်ရန် သိထားသင့်သည့် အဓိကအကြောင်းအရာများဖြင့်လည်းကောင်း အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး