ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်သည့် ကျောင်းသားကျောင်းသူအိပ်ဆောင် အဆောက်အအုံသစ် ဆောက်လုပ်ပြီးစီး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာ နေထိုင်သွားနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် တည်ဆောက်သည့် အလျား ၁၃၇ ပေ၊ အနံ ၃၂ ပေရှိ အာရ်စီနှစ်ထပ် ကျောင်းသားကျောင်းသူအိပ်ဆောင် အဆောက်အအုံသစ်မှာ ယခုအခါ ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီး သွားပြီဖြစ်ကြောင်း အဆိုပါ အဆောက်အအုံအား တာဝန်ယူတည်ဆောက်သည့် Galaxy Power ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးဝေယံထွန်း ထံမှ သိရသည်။