ပွင့်ဖြူ ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ဝန်ထမ်းများအနေဖြင့် ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် လျင်မြန်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းများကိုကျေပွန်စွာ ထမ်းဆောင်နိုင်ရန်နှင့် စာဖတ်သည့် အလေ့အထများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင် က ဝန်ထမ်းများစာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒေါ်ဥမ္မာထိန်လင်း (စာထောက်-၃) က စာကြည့်တိုက်စာအုပ်များ လေလွင့်ပြုန်းတီးမှု မဖြစ်စေရေး ကြီးကြပ်စစ်ဆေးဆောင်ရွက်ရန်အချက်များ၊ ဒေါ်အေးအေးနိုင် (ရုပ်သံ-၃)က သတင်းမီဒီယာ ဥပဒေပါ သတင်းမီဒီယာသမားများ လိုက်နာရမည့်တာဝန်နှင့် ကျင့်ဝတ်များ၊ ဒေါ်အိသန္တာဖြူ (အငယ်တန်းစာရေး) က ရုံးလုပ်ငန်းရည်ရွယ်ချက်၊ ရုံးလုပ်ငန်းအဓိပ္ပာယ်နှင့် ပြီးပြည့်စုံသော ရုံးလုပ်ငန်းဖြစ်စေရန် ဆောင်ရွက်ရမည့်အချက်များကို အသီးသီးဖတ်ကြား ဆွေးနွေးရာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင် က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)