မိုင်းဖြတ်မြို့နယ် ပြည်သူများအား ကိုဗစ်-၁၉​ရောဂါ  ရှိ/မရှိ (အခမဲ့)စစ်​ဆေး​ပေး

မိုင်းဖြတ်    ​ဒီဇင်ဘာ   ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  ကိုဗစ်-၁၉​ရောဂါ ကူးစက်မှုများမရှိ စေရေးအတွက် အထူးစီမံချက်ဖြင့်  ​ရောဂါစစ်ဆေးခြင်းကို  ဒီဇင်ဘာလ ၈ရက်နေ့  နံနက်၉က အထက (မိုင်းဖြတ်) ကျောင်းရှေ့  ပြည်ထောင်စုလမ်းမကြီးပေါ်၌ သက်ဆိုင်ရာပူး​ပေါင်းအဖွဲ့က (အခမဲ့) စစ်ဆေး ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ စစ်​​ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉​ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ​ရေး​ကော်မတီ ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်တာဝန်ရှိဌာနဆိုင်ရာများ  မြို့နယ်ပြည်သူ့​ဆေးရုံရှိ Covid-19 FeverClinic မှ  ကျန်းမာ​ရေးဝန်ထမ်းများ၊ ကြက်​ခြေနီသူနာပြုတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်း အဖွဲ့က ပြည်ထောင်စုလမ်းမကြီးပေါ် ဖြတ်သန်းသွားလာနေသူများ စုစု​ပေါင်း (၄၅၀)ဦးကို ကိုဗစ်-၁၉​ရောဂါ ရှိ/မ​ရှိ RTD Test kit ဖြင့် စစ်​ဆေးခဲ့ရာ ​​ကိုဗစ်-၁၉ရောဂါ မတွေ့ကြောင်း သိရသည်။

အလားတူ မြို့နယ်ပြည်သူ့​ဆေးရုံရှိ Covid-19 Fever Clinic၌  လာ​ရောက်စစ်​ဆေးသူ (၂၀)ဦးကို  စစ်​ဆေး​ပေးခဲ့ရာ   ကိုဗစ်-၁၉​ရောဂါ မတွေ့ရှိကြောင်းသိရသည်။ မိုင်းဖြတ်မြို့နယ်တွင်  ဇူလိုင်လ ၁ရက်နေ့မှ ဒီဇင် ဘာလ ၈ ရက်နေ့အထိ  ​ရောဂါပိုး​တွေ့ရှိသူ (၁၀၁၄)ဦး အတည်ပြုစစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူ (၁၀၀၁)ဦး၊ ဆေးကုသမှုခံယူနေသူ (၃)ဦးနှင့် သေဆုံးသူ (၁၀)ဦးအထိရှိကြောင်း သိရသည်။ 

​သန်းထွန်း​အေး