မောင်တော ဒီဇင်ဘာ ၉
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ၊ဒီဇင်ဘာ (၁၅)ရက်နေတွင် ကျရောက်မည့် (၄၇)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ကျင်းပနိုင်ရေး လုပ်ငန်း ညှိနိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ကျင်းပနိုင်ရေး အတွက်ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံး ပြိုင်ပွဲများ ကျင်းပနိုင်ရေးနှင့် အားကစား ပြိုင်ပွဲ များကျင်းပနိုင်ရေး အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဆွေးနွေး တင် ပြကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်အားကစားမှူး ဦးဇော်မင်းထွေးက ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပပြု လုပ် မည့် အားကစား ပွဲများဖြစ်သော ချောတိုင်တက်ပွဲ ၊ ပိုက်ကျော်ခြင်း ၊ လှံဆွဲပွဲ စသည့် ပြိုင်ပွဲများ ကျင်းပပြုလုပ်မည့် အစီ အစဉ်များ အား ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသော ဌာနဆိုင်ရာများ တာဝန်ရှိသူများက လုပ်ဆောင်မည့် လုပ်ငန်းတာဝန်များအား အသီးသီး ဆွေးနွေး တင်ပြကြရာ တင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင်ပြန်/ဆက်)