မိုးညှင်းတက္ကသိုလ်၌ နည်းပြ၊ သရုပ်ပြဆရာ/ဆရာမသစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲနှင့် သင်တန်း ဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

 မိုးညှင်း         ဒီဇင်ဘာ        ၉

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ရှိ မိုးညှင်တက္ကသိုလ်တွင် ၂၀၂၁ ခုနှစ်၊ နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမသစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခန့်က ရတနာခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် “ဆရာ၊ ဆရာမတို့ဟာ အခုဆိုရင် နိုင်ငံတော်ရဲ့ အဆင့်မြင့်ပညာရေးဝန်ထမ်းများ ဖြစ်နေကြပါပြီ။ နိုင်ငံ့ဝန်ထမ်းဆိုတာ နိုင်ငံတော်မှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူအားလုံးတို့ရဲ့ အကျိုးကို လိုလားဆောင်ရွက်တဲ့ ပြည်သူ့ဝန်ထမ်းများပဲ ဖြစ်ပါတယ်။ ဝန်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည်ဆိုတဲ့ စကားနဲ့အညီ ပြည်သူ့ဝန်ထမ်းပီပီ ပြည်သူတစ်ရပ်လုံး ကောင်းကျိုးကို စေတနာရှေ့ထားပြီးဆောင်ရွက် ကြမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ မိုးညှင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမဉ္ဇူမင်းက နှုတ်ဆက် အမှာစကားပြောကြားပြီး  နည်းပြ၊ သရုပ်ပြဆရာ/ဆရာမသစ်လွင်များကိုယ်စား ဆရာမတစ်ဦးက ကျေးဇူး တင်စကားပြောကြာခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြတ်ခိုင်ကို၊ မိုးညှင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီးဒေါက်တာမဉ္ဇူမင်းနှင့် ဆရာ/ဆရာမကြီးများတို့က နည်းပြ၊ သရုပ်ပြဆရာ/ဆရာမသစ်လွင် (၅၈)ဦးတို့အား သင်တန်းဆင်း လက်မှတ်များ အသီးသီးပေး အပ်ကာ နည်းပြ၊ သရုပ်ပြဆရာ/ဆရာမသစ်လွင်များက သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက် လာကြသူများအား “We Are The Wold” တေးသီချင်းဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ဇွဲသူရအောင်(ခရိုင် ပြန်/ဆက်)