စစ်ကိုင်းမြို့တွင် အဆင့်မြင့်ပညာ/ အခြေခံပညာ စွမ်းရည်မြှင့်မွန်းမံသင်တန်းဆင်း ဆရာ/ ဆရာမများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

စစ်ကိုင်း  ဒီဇင်ဘာ  ၉

စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးဒီဂရီကောလိပ်ကျောင်းများတွင် အဆင့်မြင့် ပညာ/ အခြေခံပညာအဆင့် ဘာသာရပ်ဆိုင်ရာ မွန်းမံသင်တန်းနှင့် စီမံခန့်ခွဲရေးစွမ်းရည်မြှင့် သင်တန်းဆင်း ဆရာ/ ဆရာမမျာအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို အဆိုပါကျောင်းများသို့ ယမန်နေ့မွန်းလွဲပိုင်း က သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစီမံချက်များနှင့်အညီ တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ လမ်းညွှန်မှု၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ ကျန်းမာရေးဝန်ထမ်းများက အုပ်စုများခွဲ၍ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ ပူးပေါင်းကာ စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အဆင်းမြင့်ပညာ/ အခြေခံပညာ သင်တန်းဆင်း ဆရာ/ ဆရာမ(၃၇၅)ဦး၊ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် သင်တန်းဆင်း ဆရာ/ ဆရာမ (၂၀၉)ဦး တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။

ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံရာသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုရေး ရာဝန်ကြီး ဦးအေးလှိုင်နှင့် တိုင်းဒေသကြီးဌာနဆိုင်ရာတာဝန်ရှိသူများ၊  ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများက လိုက်လံကြည့်ရှူ့အားပေးခဲ့ကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်