ဘူးသီးတောင် ဇွန် ၁၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအသိပညာပေးTalkShowဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အဆိုပါရုံး CommunityCentreခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Showဆွေးနွေးပွဲတွင် ဘူးသီးတောင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမြို့နယ် ဦးစီးအရာရှိဒေါ်အေးအေးအောင်က အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ပြည်သူများ ဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး အသိပညာပေးဆွေးနွေးရခြင်းဖြစ်ပါကြောင်းနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရေးလုပ် ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်မသန်းစောက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေးအသိပညာပေးပတ်သက်၍ အမျိုးသမီးများအနေဖြင့် ဗဟုသုတကြွယ်ဝရန် စာပေများ ဖတ်ရှု့ကြစေရန်လိုအပ်ပါကြောင်း၊ ကျားမအခြေပြုအကြမ်းဖက်မှု၊ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး ဥပဒေများအားအကျယ်တဝင့် ရှင်းလင်းဆွေးနွေးကြခဲ့ကြကြောင်း သိရသည်။
လှကျော် (ပြန်/ဆက်)