ပုသိမ် ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၃) ရပ်ကွက်ကန်သုံးဆင့်တွင် ရေပြင်ရှာဖွေကယ်ဆယ်ရေး သင်တန်း အမှတ်စဉ်(၂) ရှာဖွေကယ်ဆယ်ရေးစွမ်းရည်သရုပ်ပြသခြင်းအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ စီးပွားရေးဝန်ကြီး ဦးတင်အေး၊ သံယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ ဧရာဝတီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းမီးသတ်ဦးစီးမှူး ဦးအောင်ဆွေဝင်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများရောက်ကြသည်။
ရှေးဦးစွာ ရေပြင်ရှာဖွေကယ်ဆယ်ရေးသင်တန်း ဒုတိယသင်တန်းမှူး ဦးစီးအရာရှိ ဦးပြည့်ဖြိုးလှိုင်မှ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းအား တန်းအပ်အလေးပြုခြင်းနှင့် ရှာဖွေကယ်ဆယ် ရေး သရုပ်ပြခွင့်တောင်းခံခြင်းများပြုလုပ်ပြီး၊ ရေပြင်ကယ်ဆယ်ရေးသင်တန်းသားများမှ ရေကူးစနစ်စွမ်း ရည်ပြသခြင်း၊ မြစ်ထဲတွင် စက်လှေ(၂)စီး မတော်တဆဖြစ်ပွားစဉ်တွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် များမှ ကူညီ ကယ်ဆယ်ဆောင်ရွက်ခြင်းများနှင့် Safety Zone သို့ ကယ်ဆယ်ရွေ့ထုတ်နေမှုအား ပြသခြင်း၊ စက်လှေ(၁)စီးပေါ်မှ စက်လှေ(၁)စီးပေါ်သို့ စက်သုံးဆီဖလှယ်စဉ် မီးလောင်မှုဖြစ်ပွားခြင်းအား Fire Boat / Assault Boat/ Sea Jet/ Intelligence lifebuoy / စက်လှေငယ်များ အသုံးပြု၍ မီးငြိမ်းသက်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအား သရုပ်ပြသခြင်း၊ ရေပြင်ရှာဖွေကယ်ဆယ်ရေးသင် တန်းဒုတိယသင်တန်းမှူး ဦးစီးအရာရှိ ဦးပြည့်ဖြိုးလှိုင် ဦးဆောင်သောတပ်ခွဲမှ မီးငြိမ်းသတ်ခြင်းနှင့်ရှာ ဖွေရေးလုပ်ငန်းများတွင် အသုံးပြုသော Fire Boat / Assault Boat/ Sea Jet များဖြင့် ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းအား အလေးပြု တန်းဖြုတ်ထွက်ခွာခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ တိုင်းမီးသတ်ဦးစီးမှူး ဦးအောင်ဆွေဝင်းမှ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အနောက်တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်ထံသို့ နေရာရောက်အမှတ်တရ အထိမ်း အမှတ်ပစ္စည်းပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ရေပြင်ရှာဖွေကယ်ဆယ်ရေးသင်တန်း ဒုတိယသင်တန်းမှူး ဦးစီးအရာရှိ ဦးပြည့်ဖြိုးလှိုင် ဦးဆောင်သောတပ်ခွဲအား လမ်းညွှန်စကားပြောပြီး ခင်းကျင်းပြသထားသည့် ခေတ်မှီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သတင်းရသည်။
မြင့်ဟန် (ပြန်ဆက်)