အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

ချောင်းသာ ဇွန် ၂၀

ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ Community Centre တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းကျော်ကျော်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သည့် ဆေးဝါးများ၏ အန္တရာယ်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် Book Club အဖွဲ့ဝင် ဦးသန်းဌေးက လူငယ်နှင့်မူးယစ်ဆေးဝါး အစရှိသည့် ကြောင်းအရာများအား အသီးသီး ဟောပြောခဲ့ကြသည်။

အဆိုပါအသိပညာပေး ဟောပြောပွဲသို့ Book Club၊ Women Club၊ Youth Club အဖွဲ့ဝင်များ မြို့ဒေသခံ စာဖတ်ပရိသတ်များ တက်ရောက်ခဲ့ကြပြီး မူးယစ်ဆေးနှင့်ပတ်သက်သည့် ဆိုးကျိုးများအကြောင်းကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)