လပွတ္တာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

လပွတ္တာ ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အမှာစကား ပြောကြားရာတွင် လပွတ္တာ-မြောင်းမြ ကားလမ်းဘေးရှိ ကျူးကျော်နေရာများ၊ လယ်ယာမြေ ကျူးကျော်နေရာများ၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး၊ ကျောင်းတက်မှုအခြေအနေများ၊ ကျောင်းသား/သူများ ယခုအပတ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုပြီးစီး ဆောင်ရွက်ရေး၊ မြို့တွင်းလိုင်စင်မဲ့ ထော်လာဂျီစာရင်းကောက်ယူပြီး လိုင်စင်မဲ့ထော်လာဂျီများအား လိုင်စင်ထုတ်ပေးရေး၊ အပတ်စဉ် စနေ့နေ့တိုင်း ဌာနဆိုင်ရာများ၊ ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရေး ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ လုပ်ငန်းအသီးသီး ရှင်းလင်းတင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)