ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှီးနွယ် ကွင်းဆင်းလေ့ကျင့် သင်တန်းကျောင်းမှ ဂျူတီကုတ်နှင့် ဦးဆောင်း ပေးအပ်ပွဲ ကျင်းပ

ဒဂုံအရှေ့ ဇွန် ၂၁

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှီးနွယ်ကွင်းဆင်း လေ့ကျင့်သင်တန်းကျောင်းမှ ကျင်းပပြုလုပ်သည် အပတ်စဉ် (၂) သင်တန်းတွင် ဂျုတီကုတ်နှင့် ဦးဆောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ် (၁၅) ရပ်ကွက် အမှတ်၂ လမ်းမကြီးရှိ အဆိုပါသင်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် သည်။

အခမ်းအနားတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှီးနွယ်ကွင်းဆင်း‌ လေ့ကျင့်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ခင်စောမူက သင်တန်းဆိုင်ရာကိစ္စရပ်များ စည်ကမ်းချက်များနှင့် အတူဆုံးမဩဝါဒ အမှာစကားပြောကြားခြင်းနှင့် ပထမနှစ်သင်တန်း သား / သူတို့အား ဂျူတီကုတ်နှင့် ဦးဆောင်းများပေးအပ်ခြင်း သင်တန်းသား၊ သင်တန်းသူများမှ သူနာပြုအဓိဠာန်ကို ရွတ်ဆိုခဲ့ကြပြီးနောက် တာဝန်ရှိသူအသီးသီးမှ ပညာရည်ချွန်ဆုရရှိသူများ ကို ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ပထမနှစ် သင်တန်းသားမောင်ချစ်အောင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခြင်း ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှီးနွယ်ကွင်းဆင်း လေ့ကျင့်သင်တန်းကျောင်းတွင် သင်တန်းသား / သူများမှ ကရုဏအလင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး နောက်ယင်း သင်တန်း‌ကျောင်းမှ ကျင်းပပြုလုပ်သည် အပတ်စဉ် (၂) သင်တန်းတွင် သင်တန်သား၊ သင်တန်းသူ (၄၈) ဦးရှိ၍ သင်တန်းကာလအဖြစ် (၃) နှစ်သင်ကြားရမည် ဖြစ်ကြောင်း သတင်းရသည်။

ဝင်းအိမွန်(ပြန်/ဆက်)