ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

တောင်ငူ  ဇွန်  ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော တောင်ငူမြို့နယ်အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား (၆)ဦးအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်သည်။

ရှေးဦးစွာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး PDF အဖွဲ့ဝင် ()ဦးအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)