ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကျောင်းသား၊ကျောင်းသူ(၅၄၅)ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းထိုးနှံ

ဒဂုံအရှေ့ ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ရပ်ကွက်/ ကျေးရွာများရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီတွင် အမှတ်(၁၁၈)ရပ်ကွက် အမှတ်(၂၆) အခြေခံပညာမူလတန်းကျောင်းခွဲနှင့် အမှတ်(၁၃) ရပ်ကွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကိုဗစ်-၁၉ ကာကွယ်‌ဆေး Sinopharm အား ဆက်လက်၍ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးဌာနဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊  ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm  ပထမကြိမ် ဆေးထိုးပေးရာတွင် ယမန်နေ့တွင် အမှတ်(၁၁၈)ရပ်ကွက် အမှတ်(၂၆) အခြေခံပညာမူလတန်းကျောင်းခွဲကျောင်းသား၊ ကျောင်းသူ(၉၀)ဦးနှင့် အမှတ်(၁၃)ရပ်ကွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် (၄၅၅)ဦး စုစုပေါင်း (၅၄၅)ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ယခုကဲ့ရပ်ကွက်/ကျေးရွာများရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ကာကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဝင်းအိမွန်