မိုးနဲမြို့နယ်အတွင်း၌ ‌အ‌ခြေခံပညာစာသင်ကျောင်းများ‌ အေးချမ်းစွာ ပြန်လည်ဖွင့်လှစ် သင်ကြားပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ‌ကျောင်းနေအရွယ် ကျောင်းသား/ ကျောင်းသူများ အသိဉာဏ်ပညာ တိုးပွားလာစေရန် ကိုယ်ရေကိုယ်သွေး ထက်မြတ်လာစေရန် ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယခုနှစ်အစောပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားလာသည့်အတွက် ကျောင်းများ ယာယီရပ်ဆိုင်းထားခဲ့ရာ ဒီဇင်ဘာလ ၆ ရက် နေ့  ယနေ့မှစ၍ ကျောင်းများပြန်လည်ဖွင့်လှစ် သင်ကြားပေး‌‌နေပြီဖြစ်ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးပေးနိုင်မှု၁၀၁၂၅၅ဦးထိုးပေးနိုင်ပြီဖြစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုကို ယနေ့ နံနက်ပိုင်းအချိန်ထိ ၁၀၁၂၅၅ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း၊ ညောင်ဦး ခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

မိုင်းငေါ့တွင် “ပန်းခင်းစီမံချက်” ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ကျောက်မဲခရိုင် မိုင်းငေါ့မြို့  မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအား ဦးစီးဌာနရုံးမှ ယမန်နေ့ နံနက်ပိုင်းတွင် ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာ‌ပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲကြောင်း သိရသည်။

ငါ့သရောက်ဒေသထွက်သောက်ရေအိုးနှင့်အခြားအိုးများဈေးနှုန်းပုံမှန်သာရောင်းချနေရ

ညောင်ဦးမြို့နယ်ငါ့သရောက်မြို့အမှတ်(၃)၊တောင်ကုန်းရပ်မှထွက်ရှိသည့်သောက်ရေအိုးနှင့်အခြားအိုးများ ဈေးနှုန်းအတက်အကျမရှိပဲ ပုံမှန်သာရောင်းချနေရကြောင်း အိုးအမျိုးမျိုး လုပ်ရောင်းချ သည့် ဦးနေလင်းထံကသိရသည်။   

ဆီဆိုင်မြို့တွင် အသက် တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ ကျေးရွာများမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် ခြင်းကို ယနေ့ နံနက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးသည်။

မောက်မယ်မြို့နယ်၌ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ရှမ်းပြည်နယ်( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ပန်းတန် ကျေးရွာအုပ်စု၊ ဖာစန်းကျေးရွာသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာများ ပြန်လည်ကျန်းမာလာ၍ နေအိမ်သို့ ပြန်လည် စေလွတ်သူ (၁၇၂)ဦးထိ ရှိလာပြီဖြစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူ နေသော ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄ ဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယမန်နေ့နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။

မိုင်းဆတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းစတင်ဖွင့်လှစ်ကာ ပညာသင်ကြားပေးလျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အခြေခံပညာကျောင်းများ ယနေ့နံနက်(၇)နာရီက စတင်ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မိုးမိတ်မြို့၌ မြို့တွင်းလမ်းများကောင်းမွန်စေရေး  မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့် မြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်းလမ်းများ ကောင်းမွန်စေရေးအတွက် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်

မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး မြစ်ကမ်းထိန်းဆောင်ရွက်ထားသော ကမ်းထိန်းနံရံများ ဧရာဝတီမြစ်ရေကျချိန်တွင် ပျက်စီးမှုများဖြစ်ပေါ်လျက်ရှိ 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး မြစ်ကမ်းထိန်းဆောင်ရွက်ထားသော ကမ်းထိန်းနံရံမှာ ဧရာဝတီမြစ်ရေကျချိန်တွင် ပျက်စီးမှုများဖြစ်‌ပေါ်လျက်ရှိကြောင်း သိရှိရသည်။
Subscribe to