စဉ့်ကိုင် ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်၂၀၂၂-ခုနှစ်ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ယနေ့နံနက်(၉)နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်၀င်း၀င်းသန်းက ပြိုင်ပွဲများကျင်းပရခြင်းနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၇)ဦးတို့က ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူကလေးငယ်(၁၀)တို့က အသိပညာပေးပုံပြင်ပြောပြိုင်ပွဲကိုကျင်းခဲ့ရာ ပြိုင်ပွဲတွင် မြို့နယ်ပညာရေးဌာနမှ ဆရာမများ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း၊ YouthClub၊ Womam Club အဖွဲ၀င်များ၊ ကျောင်းသား၊ ကျောင်းသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)