လဲချားမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show)ကျင်းပ

လဲချား  ဇွန် ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre)ခန်းမတွင် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး (Talk Show)ကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမြင့်မြင့် ဆွေမှ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကျင်းပရခြင်း အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးနိုင်မှ မူးယစ်ဆေးဝါး အဓိပ္ပါယ်နှင့်အဓိကဘိန်းထုတ်ရာဒေသ၊ မူးယစ်ဆေးဝါး အုပ်စုအမျိုးအစားများ၊ မူးယစ်ဆေး ဝါး ဓါတ်ပြုပစ္စည်းများဖြင့် ဓါတ်ပြုခြင်းမှထွက်ပေါ်လာသော စိတ်ကြွရူးသွပ်ဆေးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများ၏ သွင်ပြင်လက္ခဏာများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများရရှိမည့် ထိခိုက်မှုဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးနှင့် ပက်သက်ပြီးအရေးယူသည့် ပြစ်မှုနှင့်ပြစ်ဒဏ်များ စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေး (Talk Show)အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လဲချား (မြို့နယ်ပြန်/ဆက်)