ဥတ္တရသီရိ ဇွန် ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရေလှောင်တမံများအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက် ၉ နာရီတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါစစ်ဆေးခြင်းတွင် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဆင်လူးငန်းစပ်ရေလှောင်တမံ၊ တောက်ပြိုရေလှောင်တမံ၊ ဖောင်းလောင်ရေလှောင်တမံနှင့် ငလိုက်ရေလှောင်တမံများအတွင်း မိုးရေဝင်ရောက်မှုနှင့်ရေပေးဝေမှုအခြေအနေများကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာ လင်းနှင့် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးမင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး မြို့နယ်ဆည်မြောင်းဦးစီးဌာန ဦးစီးမှူးဦးအောင်သူမှ ဆင်လူးငန်းစပ်ကန် ရေပိုရေလွဲအဆောက်အဦ တည်ဆောက်ခြင်းနှင့် တာဘောင်မြှင့်တင်ခြင်းလုပ်ငန်းများ အားလည်းကောင်း၊ ရေလှောင်တမံများရေဝင် ရောက်မှုနှင့်ရေပေးဝေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)